Our belief in Giving Back to Society has prompted us to focus towards health awareness, education and environmentally friendly activities.
On April 2nd, 2024, a heartwarming moment unfolded at the FairDeal office as Mr. Javed Lujee, the Managing Director of FairDeal, presented a monumental donation of MMK 100 million to Muslim Free Hospital. Gathered at the FairDeal office were President of Muslim Free Hospital, Mr. Moosa A Madha and his esteemed team, bearing witness to this remarkable act of generosity.
Amidst a backdrop of camaraderie and mutual respect, Mr. Javed Lujee graciously handed over the donation to President Mr. Moosa A Madha, symbolizing a profound commitment to community welfare and the principles of Zakat. In recognition of FairDeal’s exemplary contribution, President Mr. Moosa and his team presented a Certificate of Honor to Mr. Javed Lujee, expressing their heartfelt gratitude for this transformative gesture.
Captured in photographs that immortalize the spirit of giving, these moments serve as a testament to the power of compassion and solidarity in building a brighter future for all. As the MMK 100 million donation embarks on its journey to Muslim Free Hospital, may it serve as a beacon of hope and healing for those in need, embodying the essence and values of kindness and generosity.
Let us reflect on this inspiring example and may we all strive to emulate noble deeds in our own lives. Through acts of kindness and generosity, may we collectively sow the seeds of positive change and uplift those who need it most.
May Allah accept this good deed and enable us to do more acts of kindness and generosity.
လေးစားဖွယ်ရာ စေတနာ : ငွေကျပ် သိန်းတစ်ထောင် (၁၀၀,၀၀၀,၀၀၀) အား Muslim Free Hospital သို့ လှူဒါန်း။
လူမျိုးဘာသာမရွေး ဆေးကုသပေးလျက်ရှိသော မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံကြီး(ရန်ကုန်)သို့ FairDeal ကုမ္ပဏီ၏ အမှုဆောင်ဒါရိုက်တာချုပ် ဦးဂျာဝိဒ်လူကြီးသည် မွန်မြတ်သော ကုသိုလ်စေတနာသဒ္ဒါတရား ထက်သန်စွာ အလှူငွေကျပ် (၁၀၀,၀၀၀,၀၀၀) သိန်းတစ်ထောင်တိတိကို ဧပြီလ ၂ရက်နေ့ ၂၀၂၄ခုနှစ်တွင် ဝမ်းမြောက်ပီတိဖြစ်စွာဖြင့် လှူဒါန်းခဲ့ပါသည်။ ပေးအပ်လှူဒါန်းပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနားကို FairDeal ရုံးချုပ် သာကေတရုံးခန်းတွင် ပြုလုပ်ကျင်းပခဲ့ပြီး လေးစားအပ်ပါသော Muslim Free Hospital ဥက္ကဌ ဦး Moosa A Madha နှင့်အတူ အုပ်ချုပ်ရေးအလုပ်အမှုဆောင် အဖွဲ့ဝင်များမှ တက်ရောက်ခဲ့ပါသည်။
ချစ်ခင်ရင်းနှီးမှုနှင့် အပြန်အလှန်လေးစားမှုတို့ကြားတွင် ဦးဂျာဝဒ်လူကြီးမှ အလှူငွေများကို Muslim Free Hospital ဥက္ကဌ ဦး Moosa A Madha သို့ Zakat Donation ၏အခြေခံမူများကို လေးနက်စွာ ကတိကဝတ်ပြုထားသည့် အထိမ်းအမှတ်အနေဖြင့် လှူဒါန်းခဲ့ပါသည်။ FairDeal ၏ စံနမူနာပြ ပံ့ပိုးကူညီမှုကို အသိအမှတ်ပြုသည့်အနေဖြင့် ဥက္ကဌ ဦး Moosa A Madha နှင့် အဖွဲ့သည် ဦးဂျာဝဒ်လူကြီးအား ဂုဏ်ပြုလက်မှတ် ပေးအပ်ခဲ့ပြီး လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ပါသည်။
ဤငွေကျပ် သိန်းတစ်ထောင်လှူဒါန်းမှုမှနေ၍ အမှန်တကယ်လိုအပ်နေသူများတွက် မျှော်လင့်ချက်နှင့် ဘဝရှင်သန်ခြင်း မီးရှူးတန်ဆောင်တိုင်အဖြစ် ဆောင်ရွက်စေနိုင်ရန်အလို့ငှါ FairDeal မှ စိတ်အားထက်သန်စွာနှင့် မွန်မြတ်သန့်စင်စွာ လှူဒါန်းခဲ့ပါသည်။
ကျွန်ုပ်တို့၏ ကြင်နာရက်ရောမှု စေတနာမျိုးစေ့တို့ဖြင့် အမှန်တကယ်လိုအပ်နေသော ဘဝများကို အတူတကွမြှင့်တင်ပေးကျပါစို့ဟု တိုက်တွန်းရင်း အများသူငှါ ဝမ်းသာပီတိဖြစ်နိုင်စေရန်အလို့ငှါ ကျွန်တော်တို့ FairDeal Company မိသားစု၏ မွန်မြတ်သောအလှူအား မျှဝေပေးလိုက်ရပါသည်။
အလ္လာဟ်အရှင်မြတ်သည် ဤကောင်းမှုကုသိုလ်ကို လက်ခံပြီး ကျွန်ုပ်တို့အား ကြင်နာမှုနှင့် ရက်ရောမှုတို့ကို ပိုမိုလုပ်ဆောင်နိုင်ပါစေ။
At FAIRDEAL we are proud to stand alongside the incredible women around the world. From our leadership team to every department, we recognize and appreciate the diverse talents and contributions they bring to our workplace and beyond. This year’s theme, ” Invest in women: Accelerate Progress,” resonates deeply with us. We’re committed to fostering an inclusive environment where every voice is heard, every idea is valued, and every individual is empowered to thrive. Together, we strive to break down barriers, challenge stereotypes, and create opportunities for women to excel in every aspect of their lives. Let’s not only celebrate the achievements of women but also reaffirm our commitment to gender equality, diversity, and inclusion. Let’s continue to support, uplift, and empower women in our communities and around the world.
On this Special Day, FairDeal donate two million kyats to the Shwe Yamin Foundation in order to be a part of contribution to the foundation’s activities for young women.
ယနေ့မှာကျရောက်သော International Women’s Day တွင် ကဏ္ဍအသီးသီးမှာ ပါဝင်အကျိုးပြုနေကြတဲ့ ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်၊ အောင်မြင်မှုများကို ကျွန်တော်တို့ FairDeal မှ ဂုဏ်ပြုအပ်ပါတယ်။ ကျွန်တော်တို့ FairDeal ရဲ့ Management Team မှအစပြု၍ Department အသီးသီးမှာရှိတဲ့ အမျိုးသမီးတစ်ဦး တစ်ယောက်ချင်းစီရဲ့ အတွေးအခေါ် အကြံညဏ်များ၊ စွမ်းဆောင်ရည်များကို အသိအမှတ်ပြုရင်း ‘’Invest in women: Accelerate Progress’’ ဆိုတဲ့ ယခုနှစ်ရဲ့ ဆောင်ပုဒ်လေးအတိုင်း နယ်ပယ်အသီးသီးမှ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးခြင်းဖြင့် ကျား/မ နှိမ်ချမှုကင်းပြီး တန်းတူညီမျှမှုရှိတဲ့ အဖွဲ့အစည်း အသိုင်းအဝန်းဖြစ်အောင် ဖန်တီးကြပါစို့။
ယခုလိုနေ့ထူးနေ့မြတ်အထိမ်းအမှတ်အဖြစ် ကျွန်တော်တို့ FairDeal မှ Shwe Yamin Foundation သို့ တစ်ထောင့်တစ်နေရာမှ အထောက်အပံ့ပြုနိုင်ရန် ရည်ရွယ်၍ ငွေကျပ် သိန်း ၂၀ တိတိကို သွားရောက်လှူဒါန်းခဲ့ပါတယ်။
FairDeal မိသားစု၏ စုပေါင်းသွေးလှူဒါန်းပွဲ
FairDeal မိသားစု၏ CSR Activity အဖြစ် စုပေါင်းသွေးလှူဒါန်းပွဲကို ၂၀၂၃ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့တွင် ကုတင် ၅၀၀ သင်္ဃန်းကျွန်း စံပြဆေးရုံကြီးတွင်ပြုလုပ်ခဲ့ပါသည်။ ပါဝင်လှူဒါန်းပေးကြပါသော ဝန်ထမ်းများ၊ ပွဲစီစဥ်သူများနှင့် တက်ကြွစွာ လုပ်အားပေးပါဝင်ကြသူများအားလုံးကို အထူးပင်ကျေးဇူး တင်ရှိပါသည်။
FairDeal Family successfully organized a blood donation event in collaboration with 500 beded Thingangyun Sanpya General Hospital. Today’s event was a resounding success, thanks to our donors, organizers, and volunteers. Your generous donation of blood represents the hope of life for those in need. Blood donors are the ray of hope for recipients, and we appreciate each and every one of you.
တတိယအကြိမ်မြောက် ဝန်ထမ်းများအား ထောက်ပံ့ရေးအစီအစဉ်
ကျွန်တော်တို့ FairDeal Co., Ltd. ၏ ဝန်ထမ်းများသက်သာချောင်ချိရေး အစီအစဥ်အဖြစ် ၂၀၂၃ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် နိုင်ငံတစ်ဝှမ်းရှိ FairDeal ၏ ဝန်ထမ်းငယ် တစ်ဦးချင်းစီအတွက် ၂၄ ပြည်ပါဆန်အိတ် တစ်အိတ်စီကို ဝန်ထမ်းငယ် စုစုပေါင်း၂၉၈ ယောက်အား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ယခုကဲ့သို့ ခက်ခဲသောကာလတွင် တန်ဖိုးထားရသောဝန်ထမ်းများနှင့် မိသားစုဝင်များအတွက် တစ်ထောင့်တစ်နေရာမှ အထောက်အပံ့တစ်စုံတစ်ရာဖြစ်စေရန် သက်သာချောင်ချိစေရန် ရည်ရွယ်၍ မေတ္တာဖြင့် ထောက်ပံ့ပေးအပ်ခဲ့သည်မှာ ယခုအကြိမ်သည် တတိယအကြိမ်မြောက်ဖြစ်ပြီး ပီတိဖြစ်ဖွယ်ပုံရိပ်များကို မျှဝေလိုက်ရပါသည်။
FairDeal is happy to extend support by contributing 298 bags of rice to our junior employees 3rd time in a row on 13th October’23. We are very delighted to show our love and care for our valuable employees in this difficult time.
FairDeal မိသားစုမှ YGW ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအတွက် နဝကမ္မအလှူငွေ၊ မနက်စာအဟာရ၊ ဆန် နှင့် ဆေးဝါး စုစုပေါင်းတန်ဖိုးငွေကျပ် ၂,၄၈၄,၅၄၀ အား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့ ၊ Senior Citizens Day နေ့တွင် သွားရောက်လှူဒါန်းခဲ့ပါသည်။
FairDeal donated medicine, rice and other necessities for YGW elderly care center on Senior Citizens Day, 21 August 2023.
ကျွန်တော်တို့ FairDeal Co., Ltd. သည် ဒုတိယအကြိမ်မြောက်အနေဖြင့် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် နိုင်ငံတစ်ဝှမ်းရှိ ဝန်ထမ်းငယ် ၂၃၇ ဦးအတွက် ဆန်အိတ် တစ်အိတ်စီ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ယခုချိန်လိုကာလအတွင်း တန်ဖိုးထားရသောဝန်ထမ်းများနှင့် မိသားစုဝင်များအတွက် အထောက်အပံ့တစ်စုံတစ်ရာဖြစ်စေရန် ရည်ရွယ်ပြီး ပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။
We at FAIR DEAL are privileged to hand over one bag of rice to our 237 junior staff nationwide for the second time on 27th February 2023. We are happy to be a part of their well-being and happiness during the most challenging time.
The need of blood is constant. FairDeal colleagues demonstrated the ‘Doing Good’ spirit by volunteering to donate blood for saving human lives. FAIRDEAL is partnering with San Pya Hospital, Yangon to organize this generous donation by our colleagues on 20th October 2022.
We gratefully appreciate donators, volunteers and organizers for this successful blood donation campaign.
FairDeal မိသားစု၏ CSR Activity တစ်ခု အနေဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ ကို ၂၀၂၂ အောက်တိုဘာ ၂၀ ရက်နေ့တွင် သင်္ဃန်းကျွန်း စံပြဆေးရုံကြီးတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
သွေးလိုအပ်နေသူများ၏ အခက်အခဲကိုကူညီဖြေရှင်းပေးနိုင်ရန်နှင့် ဒါနကုသိုလ်၊ ဇီဝကုသိုလ်အတွက် ပါဝင်လှူဒါန်းပေးကြပါသော FairDeal Co., Ltd. မှ သွေးလှူရှင်များ၊ လုပ်အားပေးပါဝင်သူများနှင့် ပွဲဖြစ်မြောက်အောင် စီစဉ်ပေးသူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်အတူ ကုသိုလ်များ ပွားများနိုင်ကြပါစေဟု ဆုတောင်းမေတ္တာ ပို့သလိုက်ပါသည်။
#FairDealBloodDonation
#CSRActivity
#GiveBloodSaveLives
#MarketExpansionExpertsSince1991
See less
ဝန်ထမ်းများအား ထောက်ပံ့ရေးအစီအစဉ်
ကျွန်တော်တို့ FairDeal Co., Ltd. သည် ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၇ ရက်နေ့တွင် နိုင်ငံတစ်ဝှမ်းရှိ ဝန်ထမ်းငယ် ၂၆၂ ဦးအတွက် ဆန်အိတ် တစ်အိတ်စီ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ယခုချိန်လိုကာလအတွင်း တန်ဖိုးထားရသောဝန်ထမ်းများနှင့် မိသားစုဝင်များအတွက် အထောက်အပံ့တစ်စုံတစ်ရာဖြစ်စေရန် ရည်ရွယ်ပြီး ပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။
We at FAIR DEAL are privileged to hand over one bag of rice to our 262 junior staff nationwide. We are happy to be a part of their well-being and happiness during the most challenging time.
FairDeal Company မှ စေတနာထက်သန်စွာဖြင့် ကုမ္ပဏီ နှစ် (၃၀) ပြည့်အနေနှင့် လှိုင်သာယာနေမိဘပြည်သူများအတွက် တစ်နေ့စာအာဟာရကို လှုဒါန်းခဲ့ပါသည်။
FairDeal Company ၏ ရည်ရွယ်ချက်ကတော့ ယခုလိုကာလမျိုးမှာ မိဘပြည်သူတို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အစာအဟာရကို မိမိတို့တက်နိုင်တဲ့ တစ်ထောင့်တစ်နေရာက အားဖြည့်ပါဝင်ကူညီပြီး ပံ့ပိုးပေးခြင်းပဲဖြစ်ပါသည်။
လှူဒါန်းမှုအစုစုအတွက် အတူတူသာဓုခေါ်နိုင်ရန် ဒီပို့စ်လေးနဲ့ မျှဝေခြင်းဖြစ်ပါသည်။