In the spirit of giving during the holy month of Ramadan, Mr. Javed Lujee, Managing Director of FairDeal Co., had the honor of donating 250 million kyats to Muslim Free Hospital in support of its mission to provide free medical care to those in need.
Muslim Free Hospital, Yangon, has been serving communities since 1937, offering free medical services to people of all backgrounds. As a longstanding charitable institution, it plays a vital role in ensuring access to quality healthcare for underprivileged individuals in Myanmar.
During a special visit to FairDeal Co.’s office on March 17, 2025, Mr. Moosa Madha, President of Muslim Free Hospital, and Mr. Saleh Madha, Vice President, received the donation cheque from Mr. Javed Lujee, Managing Director of FairDeal Co., alongside Mr. Aamir Lujee, Executive Director of FairDeal Co. In appreciation, Mr. Moosa Madha presented a certificate of honor to FairDeal Co.
May the Almighty accept this contribution in the blessed month of Ramadan and allow it to serve those most in need
Muslim Free Hospital သို့ ငွေကျပ် သိန်း ၂၅၀၀ လှူဒါန်းခြင်း ရမ်ဇာန်လမြတ်အချိန်ခါတွင် FairDeal ကုမ္ပဏီ၏ မန်းနေးဂျင်းဒါရိုက်တာ ဦးဂျာဝိဒ်လူကြီးသည် မွန်မြတ်သော စေတနာသဒ္ဒါတရားတို့ဖြင့် လိုအပ်နေသူများ အခမဲ့ဆေးကုသခံယူနိုင်ရန် ရည်ရွယ်၍ Muslim Free Hospital သို့ ငွေကျပ်သိန်း ၂၅၀၀ တိတိကို လှူဒါန်းခဲ့ပါသည်။
ရန်ကုန်မြို့ရှိ Muslim Free Hospital သည် ၁၉၃၇ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး လူမျိုးဘာသာမရွေး နယ်ပယ်အရပ်ရပ်မှ ပြည်သူများအား အခမဲ့ဆေးကုသပေးလျက်ရှိပါသည်။ နှစ်ရှည်လများ ပရဟိတအဖွဲ့အစည်းတစ်ခုအနေဖြင့် မြန်မာနိုင်ငံရှိ ဆင်းရဲနွမ်းပါးသူများအတွက် အရည်အသွေး ပြည့်မှီသော ကျန်းမာရေးစောင့်ရှောက်မှုများ လက်လှမ်းမှီစေနိုင်ရေးအတွက် အရေးပါသော အဖွဲ့အစည်းတစ်ခုအနေဖြင့် ရပ်တည်လျက်ရှိပါသည်။
Muslim Free Hospital ၏ဥက္ကဌ ဦး Moosa Madha နှင့်အတူ ဒုတိယဥက္ကဌ ဦး Saleh Madha
မှ FairDeal ကုမ္ပဏီ၏ ရုံးခန်းသို့ ၂၀၂၅ ခုနှစ် မတ်လ ၁၇ရက်နေ့တွင် ကိုယ်တိုင်လာရောက်ခဲ့ကြပြီး အလှူငွေချက်လက်မှတ်အား FairDeal ကုမ္ပဏီ၏ မန်းနေးဂျင်းဒါရိုက်တာ ဦးဂျာဝိဒ်လူကြီးနှင့်အတူ အမှုဆောင်ဒါရိုက်တာ Mr. Aamir Lujee တို့ထံမှ ကျေးဇူးတင်ရှိစွာလက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ခဲ့ပါသည်။
ရမ်ဇာန်လမြတ်တွင် ဤမွန်မြတ်သော ကောင်းမှုကုသိုလ်အား အလ္လာဟ်အရှင်မြတ်သည် လက်ခံပြီး လိုအပ်နေသူများကို ကြင်နာရက်ရောမှုတို့ဖြင့် ကျွေးမွေးခွင့်ပြုလုပ်နိုင်ပါစေ။
#MusliFreeHospitalDonation
#BlessedMonthofRamadan
#FairDealCoLtd
#MarketExpansionExpertsSince1991
FairDeal Co. proudly participated as the Gold Sponsor of the 25th Anniversary Networking Dinner organized by the Myanmar Chamber of Commerce for Pharmaceutical and Medical Device (MCCPMD). The event was held on December 7th at Novotel Hotel Yangon, marking a significant milestone for the industry by bringing together leaders, partners, and stakeholders to celebrate achievements and foster connections.
Fair Deal’s management team attended the event, showcasing the company’s commitment to collaboration within the industry. During the ceremony, Dr. Win Kyaing, Chairman of MCCPMD, presented a trophy to Mr. Javed Lujee, Managing Director of FairDeal, in recognition of the company’s sponsorship and contributions to the event’s success.
FairDeal ကုမ္ပဏီသည် မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း (MCCPMD) မှ ဦးစီးကျင်းပသော ၂၅ နှစ်မြောက် Networking Dinner တွင် Gold Sponsor အဖြစ်ဂုဏ်ယူဝမ်းမြောက်စွာ ပါဝင်ခဲ့ပါသည်။ အဆိုပါပွဲကို ဒီဇင်ဘာလ (၇)ရက်နေ့တွင် Novotel Hotel Yangon ၌ ကျင်းပခဲ့ပြီး လုပ်ငန်းမိတ်ဖက်များ တိုးပွားလာစေရန်အတွက် ခေါင်းဆောင်များ၊ လုပ်ဖော်ကိုင်ဖက်များနှင့် သက်ဆိုင်သူများ စုစည်းကာ ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းအတွက် ကျော်ကြားအောင်မြင်သော အထိမ်းအမှတ်အဖြစ် ရည်ရွယ်ကျင်းပပြုလုပ်ခဲ့ပါသည်။
FairDealမှ စီမံခန့်ခွဲမှုခေါင်းဆောင်များ၏ ဤအခမ်းအနား သို့တက်ရောက်မှုသည် ဆေးလုပ်ငန်းနယ်ပယ်အတွင်း Fair Deal Company၏ ပံ့ပိုးပူးပေါင်းပါဝင်ဆောင်ရွက်မှုတစ်ခုအဖြစ် ရပ်တည်နေပါသည်။ အခမ်းအနားအစီအစဉ်တွင် MCCPMD ဥက္ကဋ္ဌ ဒေါက်တာဝင်းကြိုင်က FairDeal ၏ မန်နေဂျင်းဒါရိုက်တာ ဦးဂျာဝိဒ်လူကြီးအား ပွဲဖြစ်မြောက်အောင်မြင်မှုအတွက် ကုမ္ပဏီ၏ ပံ့ပိုးကူညီမှုများကို အသိအမှတ်ပြု ဂုဏ်ပြုသောအားဖြင့် အမှတ်တရ ဆုတံဆိပ်အား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။#FairDealCo
#MarketExpansionExpertsSince1991
#CorporateSocialCommunity
#MCCPMD
#GoldSponsor
Today, we were thrilled to host the Genix management team at the FairDeal office for a special celebration of our decade-long collaboration. Together with senior leaders from both FairDeal and Genix, we marked this milestone with a cake-cutting ceremony and a commemorative plaque presented by Genix to FairDeal.
In the picture (from left to right): Mr. Kashif Shaik, Deputy Managing Director of Genix Pharma, hands over the plaque to Mr. Javed Lujee, Managing Director of FairDeal.
This event underscored not only our shared history but also a promising future. With Genix’s innovative product pipeline and exciting growth opportunities on the horizon, we look forward to many more years of success together, driving impactful solutions in our industry. Here’s to what’s next!
🎉FairDeal Company Limited နှင့် Genix Pharma Private Limited တို့၏ 10 နှစ်ကြာ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုကို ဂုဏ်ပြုခြင်း။ 🎉
ယနေ့တွင် ကျွန်ုပ်တို့၏ဆယ်စုနှစ်ကြာပူးပေါင်းဆောင်ရွက်နိုင်ခဲ့မှု အထူးအခမ်းအနားအဖြစ် Genix စီမံခန့်ခွဲမှုအဖွဲ့ကို FairDeal ရုံးခန်းတွင် လက်ခံကျင်းပရခြင်းအတွက် ကျွန်ုပ်တို့ ပီတိဖြစ်ရပါသည်။FairDeal နှင့် Genix နှစ်ခုလုံးမှ အကြီးတန်းခေါင်းဆောင်များနှင့် ကျွန်ုပ်တို့သည် ဤမှတ်တိုင်ကို ကိတ်ခွဲခြင်းအခမ်းအနားနှင့် အတူ Genix မှ FairDeal သို့ ဂုဏ်ပြုလက်မှတ်နှင့် အမှတ်တရဆုတံဆိပ်အား အထိမ်းအမှတ်အဖြင့် ပေးအပ်ဂုဏ်ပြု ခဲ့ပါသည်။
ပုံတွင် (ဝဲမှယာ)- Genix Pharma ၏ လက်ထောက်မန်နေဂျင်းဒါရိုက်တာ Mr. Kashif Shaik မှ FairDeal ၏မန်နေးဂျင်းဒါရိုက်တာ Mr. Javed Lujee အား အထိမ်းအမှတ်လက်ဆောင်ပေးအပ်ခဲ့ကြပါသည်။
ဤအခမ်းအနားသည် ကျွန်ုပ်တို့၏လက်တွဲခဲ့သော10 နှစ်ကြာ သမိုင်းကိုသာမက နောင်အနာဂတ်ကိုပါ မီးမောင်းထိုးပြခဲ့ပါသည်။ Genix ၏ ဆန်းသစ်တီထွင်သော ထုတ်ကုန်အသစ်များနှင့် စိတ်လှုပ်ရှားဖွယ်ရာ တိုးတက်မှုအခွင့်အလမ်းများနှင့်အတူ၊ ကျွန်ုပ်တို့၏ဆေးဝါးဖြန့်ဖြူးမှုလုပ်ငန်းတွင် အကျိုးသက်ရောက်မှုရှိသော အောင်မြင်မှုကိုပါ ရှေ့ဆက်ပြီး ခိုင်မာစွာ ပူးပေါင်းလုပ်ကိုင်ကြရေးနှင့် နောက်နှစ်ပေါင်းများစွာ အတူတကွ ဆွတ်ခူးကြဖို့ FairDeal မှ မျှော်လင့်လျက်ရှိပါသည်
#Partnership
#Innovation
#Growth
#FairDeal
#Genix
#FutureReady
The FairDeal Co., Ltd. Annual Budget Meeting for 2025–26 was not merely an exercise in financial planning; it was a reaffirmation of our collective vision, strategic alignment, and commitment to decisive action.
Throughout the session, we established ambitious objectives and clearly defined priorities, all anchored in our shared mission to build a stronger, more resilient future. At the center of our discussions was our guiding principle:
“ Hear it. Believe it. Live it. “
Key highlights shared during the meeting included:
• Successful completion of the 2024–25 budget year, achieving set targets despite significant challenges, particularly in obtaining import approvals.
• Record-breaking sales performance in the Tender Business segment.
• Commencement of construction work for FairDeal’s new office building.
• Securing of five new supplier agreements for FairDeal Cambodia, further strengthening our market position.
• Presentation of the 2025–26 strategic plan by management, focused on continuing aggressive business growth drivers.
A dynamic, cross-functional workshop was also held, where teams collaborated intensively and proposed five outstanding initiatives to drive future success. The creativity, dedication, and teamwork demonstrated were truly commendable.
Following the meeting, we celebrated the successful year and the beginning of a new one with a cake-cutting ceremony. The Human Resources Department also recognized high performers and announced promotions for outstanding contributions.
As a final and symbolic act of commitment, management and team members proudly inked their signatures on the 2025–26 Theme Wall — committing to drive our vision forward with focus, belief and action.
We move forward energized, aligned, and ready to deliver meaningful results.
FairDeal Co., Ltd. ၏ 2025-26 ခုနှစ် နှစ်ပတ်လည် ဘတ်ဂျက်အစည်းအဝေးသည် ဘဏ္ဍာရေးစီမံချက်ရေးဆွဲခြင်းအတွက် လုပ်ဆောင်ချက်တစ်ခုမျှသာမဟုတ်၊ကျွန်ုပ်တို့၏ မြင့်မားသောအမြင်၊ ဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုနှင့် ပြတ်သားသောလုပ်ဆောင်မှုအပေါ် ကတိကဝတ်များကို ထပ်မံအတည်ပြုချက်တစ်ခုလည်းဖြစ်ပါသည်။
အစည်းအဝေးတစ်လျှောက်လုံးတွင်၊ ကျွန်ုပ်တို့သည် ပိုမိုခိုင်မာသောအနာဂတ်ကိုတည်ဆောက်ရန် မျှဝေထားသောမစ်ရှင်တွင် အဖွဲ့ဝင်အားလုံးကို တိကျပြတ်သားစွာသတ်မှတ်ထားသော ရည်မှန်းချက်များထားရန် ချမှတ်ခဲ့ပါသည်။ ကျွန်ုပ်တို့ဆွေးနွေးမှုတွင် အဓိကဗဟိုလမ်းညွှန်မူမှာ-
“ Hear it. Believe it. Live it. “ “နားထောင်ပါ။ ယုံကြည်ပါ။ ရှင်သန်ပါ။”
ဤအစည်းအဝေးအတွင်း မျှဝေခဲ့သည့် အဓိကအချက်များမှာ-
• သွင်းကုန်ခွင့်ပြုချက်ရယူရာတွင် ခက်ခဲနေသည့်ကာလအခြေအနေများကြားမှ အောင်မြင်စွာ ဆောင်ရွက်နိုင်သော 2024-25 ဘတ်ဂျက်နှစ်ကို ပြီးမြောက်အောင်မြင်နိုင်ခဲ့ခြင်း။
• 2024-25 ခုနှစ် တင်ဒါလုပ်ငန်းအရောင်းတွင် စံချိန်တင်ချိုးနိုင်ခဲ့ခြင်း။
• FairDeal ၏ရုံးခန်းအဆောက်အဦအသစ်အတွက် ဆောက်လုပ်ရေးလုပ်ငန်းစတင်ခြင်း။
• FairDeal ကမ္ဘောဒီးယားအတွက် ကျွန်ုပ်တို့၏စျေးကွက်အနေအထားကို ပိုမိုခိုင်မာစေမည့် လုပ်ငန်းမိတ်ဖက် သဘောတူညီချက်စာချုပ်အသစ်(၅)ခုကို လက်မှတ်ရေးထိုးခဲ့ခြင်း။
• Management မှ 2025-26 မဟာဗျူဟာစီမံချက် (Strategic Planning) ကို အဖွဲ့ဝင်များအား ထုတ်ဖော်လမ်းညွှန်ပြသခဲ့ခြင်း။
အဖွဲ့ဝင်များသည် အတူတကွပူးပေါင်းကာ အနာဂတ်အောင်မြင်မှုကို တွန်းအားပေးရန် ထူးချွန်သော အစပျိုးမှုငါးခုကို အဆိုပြုသည့် တက်ကြွပြီး လုပ်ငန်းခွင်ဆိုင်ရာ ဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။ အဖွဲ့ဝင်များ၏ တီထွင်ဖန်တီးနိုင်မှု၊ စိတ်အားထက်သန်မှုနှင့် အဖွဲ့လိုက်လုပ်ဆောင်မှုတို့ကို သက်သေပြခဲ့သည်မှာ အမှန်တကယ်ပင် ချီးကျူးစရာဖြစ်ပါသည်။
အစည်းအဝေးအပြီးတွင်၊ အောင်မြင်သောနှစ်နှင့် နှစ်သစ်တစ်ခု၏အစကို ကိတ်မုန့်ခွဲဖြတ်ခြင်းအခမ်းအနားဖြင့် ကျင်းပခဲ့ပါသည်။ HRဌာနမှ ထူးချွန်သော စွမ်းဆောင်ရှင်များကို အသိအမှတ်ပြုပြီး ဝန်ထမ်းရာထူးတိုးများကိုလည်း ကြေငြာခဲ့ပါသည်။ကတိကဝတ်ပြုမှု၏ နောက်ဆုံးသင်္ကေတအဖြစ်၊ management နှင့် အဖွဲ့၀င်များသည် 2025-26 Theme Wall ပေါ်တွင် လက်မှတ်ရေးထိုးခဲ့ကြပါသည်။ကျွန်ုပ်တို့သည် ခွန်အားရှိသော၊ ညီညွတ်စွာ ရှေ့သို့ဆက်လက်သွားရန် နှင့် ရည်ရွယ်ချက်ရှိသော ရလဒ်များကို ပေးဆောင်ရန်လည်း အသင့်ဖြစ်နေကြပြီးဖြစ်ပါသည်။
#FairDeal
#MarketExpansionExpertsSince1991
#TeamworkInAction
#Budget2025_26
#StrategicPlanning
Proud to renew our partnership with NBD Healthcare Co., reinforcing our commitment to delivering high-quality healthcare solutions across the region.
After inking the agreement, FairDeal Co.’s Managing Director, Mr. Javed Lujee, presented a commemorative gift to NBD Healthcare Co.’s Director, Mr. Somsak, as a token of appreciation for their ongoing collaboration.
Both leaders reaffirmed their commitment to work together, pushing the boundaries of growth and making a positive impact in the communities we serve.
#Partnership #BusinessGrowth #HealthcareLeaders #FairDealCo #NBDHealthcare #StrongerTogether
NBD Healthcare Co. နှင့် ကျွန်ုပ်တို့၏ မိတ်ဖက်ဆက်ဆံရေးကို ထပ်မံသက်တမ်းတိုးနိုင်ခဲ့ခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူမိပါသည်။
၎င်းသည် ကျွန်ုပ်တို့ ကုမ္ပဏီ၏ နိုင်ငံအတွင်း အရည်အသွေးမြင့် ကျန်းမာရေး ဖြေရှင်းချက်များပေးဆောင်ပါမည် ဟူသော ကျွန်ုပ်တို့၏ကတိကဝတ်အား ထပ်မံအတည်ပြုခြင်းဖြစ်ပါသည်။
သဘောတူညီစာချုပ် လက်မှတ်ရေးထိုးပြီးနောက်တွင် FairDeal Co.,Ltd ၏ Managing Director ဦးဂျာဝိဒ်လူကြီး သည် NBD Healthcare ၏ Authorized Director ဖြစ်သူ Mr Somsak Kaveetriphop ထံသို့ ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ရှိကြောင်း အမှတ်တရလက်ဆောင် တစ်ခုကိုပေးအပ်ခဲ့ပါသည်။
ကုမ္ပဏီ နှစ်ခု ပေါင်းစည်းခြင်း သည် အများပြည်သူလူထုများအတွက် ကောင်းမွန်သော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာစေရန် ကတိပြုခဲ့ကြပါသည်။
FairDeal is thrilled to announce the successful completion of our Annual Budget Meeting for the year 2024-25! This year, we’re embarking on an ambitious journey with our theme: MISSION 100!
We’re proud to share that the management of FairDeal, along with key managers from various departments, including Sales, Marketing, Finance, Accounts, Warehouse, Operations, Supply Chain, HR, and other support functions, were present at the meeting. Together, we’ve brainstormed, strategized, and set our sights high for the year ahead.
These collaborative efforts have laid the groundwork for a successful journey towards Mission 100. Here’s a sneak peek into what transpired:
GOAL SETTING: We’ve established clear, measurable goals to guide us towards Mission 100. Each department has aligned its objectives with the overarching target, ensuring synergy and focus across the organization.
KEY STRATEGIES: We’ve identified pivotal strategies that will propel us towards success. From enhancing our sales and marketing efforts to optimizing our supply chain and streamlining operations, every strategy is geared towards achieving our mission.
TOP PRIORITIES: Through collaborative discussions, we’ve pinpointed our top priorities for the year. These priorities will guide our actions and resource allocation, ensuring that we remain on track towards our ultimate goal.
KEY INITIATIVES: We’re excited to roll out a series of innovative initiatives aimed at driving growth and maximizing efficiency. From launching new product lines to investing in cutting-edge technologies, we’re leaving no stone unturned in our pursuit of excellence.
EMPLOYEE ENGAGEMENT: We’re committed to fostering a culture of collaboration and employee involvement at FairDeal. Throughout the meeting, we encouraged active participation from all team members, soliciting their valuable insights and suggestions. By involving our employees in the goal-setting process, we ensure that everyone feels invested in our mission and motivated to contribute their best efforts towards achieving it.
Furthermore, last year’s performance was thoroughly reviewed, and we’re pleased to announce that staff promotions were awarded to deserving individuals. We also took the opportunity to recognize exceptional contributions from team members, highlighting their dedication and commitment to FairDeal’s success.
At FairDeal, we’re not just setting goals – we’re setting the stage for unprecedented success! Stay tuned for updates as we embark on this thrilling journey towards Mission 100. Together, we’ll reach new heights and redefine what’s possible!
Fair Deal Company Limited မှနှစ်စဉ်ပြုလုပ်ကျင်းပလျက်ရှိသော နှစ်ပတ်လည်ဘဏ္ဍာနှစ်အစည်းအဝေး ၂၀၂၄ -၂၀၂၅ အား အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း ပီတိများစွာဖြင့် ကြေငြာအပ်ပါသည် ။
ယခုနှစ်ဘဏ္ဍာနှစ်အတွက် ကြီးမားသောရည်မှန်းချက်အဖြစ် ပြင်ဆင်ထားသော mission 100 နှင့်အတူ company ၏ရည်မှန်းချက်ခရီးစဉ်အား စတင်ထွက်ခွါမည်ဖြစ်ပါသည်။
အစည်းအဝေးတွင် management team နှင့်အတူ ဌာနမှူးများဖြစ်သည့် Sales and Marketing, Finance , Accounts , Warehouse , Operations , Supply Chain , HR များမှ လာမည့်ဘဏ္ဍာနှစ်အားကြိုဆိုသောအားဖြင့် လျှောက်လှမ်းရမည့် နည်းဗျူဟာအသစ်များ ၊ မြင့်မားသောရည်မှန်းချက်များအတွက် ပြင်ဆင်သတ်မှတ်ခြင်းများ ၊ အကောင်းမွန်ဆုံးသောအတွေးအခေါ်များ ပေါ်ပေါက်လာရန်အတွက် အဆိုပါခေါင်းဆောင်အသီးသီးမှ အတူတကွတင်ပြခဲ့ပါသည်။ ယခုကဲ့သို့အတူတကွပူးပေါင်းပါဝင်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ ရည်မှန်းချက်ဖြစ်သော Mission 100 ခရီးစဉ်၏ လိုအပ်မည့် အခြေခံအလုပ်သဘောသဘာဝများအား အောင်မြင်စွာချမှတ်နိုင်ခဲ့ပါသည်။
ပန်းတိုင်းအားပြင်ဆင်ခြင်း : Mission 100 သို့ရောက်ရှိနိုင်ရန်အတွက် ရှင်းလင်းသော ၊ တိုင်းထွာနိုင်စွမ်းသော ပန်းတိုင်အား တည်ထောင်ခဲ့ပြီး ဌာနအသီးသီးမှ အကျယ်တဝင့်ရည်မှန်းထားသော ပစ်မှတ်နှင့်အတူအဖွဲ့အစည်းအတွက် သေချာသော ပေါင်းစပ်ခြင်း ၊ အာရုံစူးစိုက်ခြင်းအား ညှိထားနိုင်ခဲ့ပါသည်။
အဓိကဗျူဟာများ : ကျွန်ုပ်တို့၏ ရည်မှန်းထားသောအောင်မြင်မှုသို့ ရောက်ရှိနိုင်ရန်အတွက် ကျွန်ုပ်တို့အား တွန်းကန်နိုင်စွမ်းသော အဓိကဗျူဟာများအား ဖော်ထုတ်နိုင်ခဲ့ပါသည် ။ အရောင်းမြင့်တင်ခြင်းမှ စျေးကွက်ရှာဖွေရေး ကြိုးစားအားထုတ်မှု ၊ အကောင်းဆုံးသော ထောက်ပံ့မှု ၊ ချောမွေ့စေသောလုပ်ငန်းလည်ပတ်မှု စသောအရာအားလုံးမှာ ကျွန်ုပ်တို့၏ Mission သို့ရောက်ရှိရန် ဦးတည်နေပါသည် ။
ထိပ်တန်းဦးစားပေးမှုများ : ပူးပေါင်းဆွေးနွေးမှုများမှတစ်ဆင့် ကျွန်ုပ်တို့၏ တစ်နှစ်တာအတွက် ထိပ်တန်းဦးစားပေးများကို ညွှန်ပြထားပါသည် ။ဤဦးစားပေးမှုများသည် ကျွန်ုပ်တို့၏ လုပ်ဆောင်မှုများနှင့် အရင်းအမြစ်ခွဲဝေမှုတို့ကို လမ်းညွှန်ပေးမည်ဖြစ်ပြီး ကျွန်ုပ်တို့၏ အန္တိမပန်းတိုင်ဆီသို့ လမ်းကြောင်းမှန်ပေါ်တွင်ဆက်လက်ရှိနေစေမည်ဖြစ်သည် ။
အဓိကအစပြုမှုများ : ရည်ရွယ်ထားသော တိုးတက်မှုအားဆွဲတင်ရန်နှင့် လုပ်ရည်ကိုင်ရည်အားချဲ့တွင်နိုင်ရန် များစွာသော ဆန်းသစ်တီထွင်မှုများ
နှင့် အစပြုခြင်းအား ရင်ခုန်စွာမိတ်ဆက်နိုင်ခဲ့ခြင်း ၊ ခေတ်မှီနည်းပညာများတွင် ရင်းနှီးမြုပ်နှံခြင်း အထိ ကျွန်ုပ်တို့၏ ထူးချွန်မှုအား ဖော်ထုတ်ရန်အတွက် အရာအားလုံးအား လုပ်ဆောင်နိုင်စွမ်းကို ထိမ်ချန်ခဲ့မည်မဟုတ်ပါ ။
ဝန်ထမ်းများအားစိတ်အားထက်သန်စေရန် : ဝန်ထမ်းများ၏ပူးပေါင်းဆောင်ရွက်အားမြင့်တင်ခြင်းကို Fair Deal မှ ထုံးတမ်းအစဉ်အလာအရ ကတိကဝတ်ပြုထားပါသည် ။ အစည်းအဝေးတွင် ဝန်ထမ်းများမှ အားတက်သရောပါဝင်ခြင်း ၊ တန်ဖိုးရှိသော အမျှော်အမြင်များနှင့်အတူ ပူးပေါင်းပါဝင်ဆွေးနွေးခြင်းအားဖြင့် ဝန်ထမ်းများသည် ကျွန်ုပ်တို့ သတ်မှတ်ထားသော ဘဏ္ဍာနှစ် အတွက်ရည်မှန်းချက်ပန်းတိုက်သို့ရောက်ရှိရန်ဆွေးနွေးချက်များအား ရင်းနှီးမြုပ်နှံခြင်းအားဖြင့် လှုံ့ဆော်နိုင်ခဲ့မည်ဟု သေချာပါသည်။ ထို့အပြင်ယခင်နှစ်ဘဏ္ဍာနှစ် ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း ထူးချွန်စွာ စွမ်းဆောင်နိုင်ခဲ့သော ဝန်ထမ်းများအား ထိုက်ထိုက်တန်တန် ရာထူးတိုးပေးနိုင်ခဲ့ခြင်းအား ကျေနပ်အားရစွာ ကြေညာနိုင်ခဲ့ပါသည် ။ FairDeal ၏ အောင်မြင်မှုအတွက် ထိုဝန်ထမ်းများ၏ company ထံ ထူးခြားသော ပံ့ပိုးမှုများနှင့် ကတိကဝတ်များကိုမီးမောင်းထိုးပြပြီး ထိုဝန်ထမ်းများထံမှ ထူးခြားသောပံ့ပိုးကူညီမှုများကို အသိအမှတ်ပြုပေးနိုင်ရန်အတွက် အခွင့်အရေးယူနိုင်ခဲ့ပါသည် ။
FairDeal တွင် ကျွန်ုပ်တို့၏ ပန်းတိုင်များ ချမှတ်ရုံသာမက၊ ကျန်ုပ်တို့၏ မကြုံစဖူးသောအောင်မြင်မှုအတွက် အဆင့်သတ်မှတ်ပေးနေသည် ။ အသစ်အသစ်သော တိုးတက်မှုများအား စောင့်မျှော်ကြည့်ရှုရင်း စိတ်လှုပ်ရှားဖွယ်ရာ Mission 100 ခရီးစဉ်အား အစပြုလိုက်ပါသည် ။ ဖြစ်နိုင်သောအရာများအားပြန်လည်သတ်မှတ်ရင်း အမြင့်နေရာသစ်ဆီသို့ ကျွန်ုပ်တို့အတူတကွ ရောက်ရှိနိုင်မည်ဖြစ်ပါသည် ။
Splashing into the Holidays: Celebrating Water Festival with Joy and Unity!
As the sun sets on the last working day before the holidays, the vibrant spirit of Water Festival fills our office with laughter, camaraderie, and cultural pride!
Our incredible team comes together in colorful local attire, embracing the traditions that unite us. With delicious food, refreshing drinks, and endless smiles, we make cherished memories to carry us through the festive season.
Cheers to the bonds we share and the joy we spread as we celebrate the essence of togetherness!
Wishing everyone a joyous and prosperous festive season ahead! May it be filled with happiness, blessings, and memorable moments with loved ones.
၂၀၂၄ ခုနှစ် နှစ်သစ်ကူးပိတ်ရက်ရှည်မတိုင်ခင် ကျင်းပပြုလုပ်သော ရုံးသင်္ကြန်တွင် FairDealမှ ဝန်ထမ်းများအား မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်းနှင့် မြန်မာမုန့်အစုံအလင်အား စတုဒီသာတည်ခင်းကျွေးမွေးခဲ့ပါသည်။ ရိုးရာမပျက် မြန်မာဝတ်စားဆင်ရင်မှုများနှင့် အရောင်အသွေးစုံလင်စွာ ပျော်ပျော်ရွှင်ရွှင် ဆင်နွဲကျင်းပခဲ့ကျသော FairDeal မိသားစုဝင်များအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။ မြန်မာ့နှစ်သစ်ကူး သင်္ကြန်ချိန်ခါသမယတွင် ပြည်သူပြည်သားအပေါင်း ဘေးဘယာ ဝေးကွာ၍ ကိုယ်စိတ်နှလုံး ကျန်းမာရွှင်လန်း ချမ်းမြေ့ပါစေကြောင်း FairDeal မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။
FairDeal ၏ ပုသိမ်ရုံးခွဲအား နေရာပြောင်းရွှေ့၍ အသစ်ပြုပြင်မွမ်းမံဖွင့်လှစ်ခြင်း အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့တွင် ပုသိမ်ရုံးခွဲမှဝန်ထမ်းများ၊ ရုံးချုပ်မှ အဖွဲ့ဝင်များ၊ စီးပွားရေးလုပ်ဖော်ကိုင်ဖက်များနှင့်အတူ ကျင်းပပြုလုပ်ခဲ့ပါသည်။ FairDeal ကို အစဥ်တစိုက်အားပေးနေကြပါသော ဖောက်သည်များ၊ လုပ်ငန်းမိတ်ဖက်များအား ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများကို ပေးနိုင်စေရန် နှင့် တန်ဖိုးထားရသောဝန်ထမ်းများအား ပိုမိုကောင်းမွန်သော လုပ်ငန်းခွင်အတွေ့အကြုံများကို ရရှိနိုင်စေရန်ရည်ရွယ်ပါသည်။
FairDeal thrilled to announce the opening of our own new renovated office at Pathein Branch, marking another milestone in our journey of growth and success. This expansion represents our commitment to better serve our valued employees, clients, partners, and the community in this vibrant area. Thank you for your continued support and trust in Fair Deal. We are excited about this new chapter and look forward to serving you even better at our Pathein Branch.
FairDeal team members are a crucial resource for us. We valued their well-being. During the flu season, to help and protect the health of our valued team members, FairDeal organized an annual flu vaccination program. Total of 182 team members from Yangon and Mandalay branches got vaccinated with Flu vaccine shots on 7th June 2023, by getting immunized against the flu.
FairDeal ၏မိသားစုဝင် ဝန်ထမ်းတိုင်းသည် ကုမ္ပဏီအတွက် အရေးကြီးသောအရင်းအမြစ်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ တုပ်ကွေးရာသီအတွင်း ၎င်းတို့၏ ကျန်းမာရေးကိုကာကွယ်ရန် FairDeal သည် နှစ်စဉ်တုပ်ကွေး ကာကွယ်ဆေးထိုးခြင်းအစီအစဉ်ကို ပြုလုပ်ခဲ့ပါသည်။ ရန်ကုန်နှင့် မန္တလေးရုံးခွဲများမှ ဝန်ထမ်းအဖွဲ့ဝင် စုစုပေါင်း ၁၈၂ ဦးအား ၂၀၂၃ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် တုပ်ကွေးကာကွယ်ဆေး ထိုးနှံပေးခဲ့ပါသည်။