

Mocha ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် လှူဒါန်းခြင်း
လက်ရှိရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များလုပ်ဆောင်ရန် ကျွန်တော်တို့ FAIRDEAL Company မှ ငွေကျပ် သိန်း ၆၀ အား ပါကစ်စတန် သံရုံး အဖွဲ့အစည်းသို့ လည်းကောင်း၊ ဆန်အိတ် ၅၅ အိတ်နှင့် ညီမျှသော စုစုပေါင်း တန်ကြေးငွေ ကျပ် သိန်း ၅၀ နှင့် ခြောက်သောင်းကျပ်အား Myanmar Kitchen အဖွဲ့အစည်းသို့ လည်းကောင်းလှူဒါန်းခဲ့ပါသည်။
FAIRDEAL Company မိသားစုမှစုပေါင်းအလှုအဖြစ် စုစုပေါင်း မြန်မာငွေကျပ်သိန်း တစ်ရာ့တစ်ဆယ် နှင့် ခြောက်သောင်းကျပ်အား ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဒါဏ်သင့် ပြည်သူများအတွက်အုတ်တစ်ချပ် သဲတစ်ပွင့် အကျိုးပြုစေရန်ရည်ရွယ်၍လှုဒါန်းခဲ့ပါသည်။
FAIRDEAL efforts are always to stand with community in need for their wellbeing.
Vulnerability has no single defining trait; it exists across a diverse range of facets and characteristics. In the aftermath of the catastrophic Mocha storm that struck Myanmar’s Rakhine State on 14th May 2023.
FAIRDEAL took the lead to recognizing the urgency of the situation with humanitarian aid by donating 6 million kyats to the fund-raising program through the local consulate of Pakistan on 23rd May 2023.
In-addition we took the opportunity to donate 55 rice bags in the equivalent amount of 5 million and sixty thousand kyats to Myanmar Kitchen Organization. We really feel happy to contribute total 11 million Kyat with our prayers to the all mighty for the safety, security & good health for all affected people.
We take great pleasure in announcing the opening ceremony of our new own branch office at Naypyitaw on 26th April 2023. Our new office at Naypyitaw with better facilities will promise to maintain the even better quality of service and deliver everything that our patrons need. We offer our people an inspiring and dynamic working environment that also provides clients and partners with professional experiences. This new venture has been made possible by all our associates immense support and continued interest in our business. The opening ceremony was made more eventful with the presence of HO management and our business partners.
၂၀၂၃ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ တွင် ကျွန်တော် တို့ FAIRDEAL မှ စိတ်လှုပ်ရှား ရင်ခုန်ဖွယ်ကောင်းသော နေပြည်တော်ရုံးခွဲအား အသစ်ပြန်လည် မွမ်းမံ၍ ဆန်းသစ်သော ဒီဇိုင်း နှင့် ပြန်လည်ဖွင့်လှစ်ခြင်း အခမ်းအနား အား နေပြည်တော် သို့ရုံးချုပ်မှ အဖွဲ့ဝင်များ၊ နေပြည်တော်ဝန်ထမ်းများနှင့် အတူ စီးပွားရေး လုပ်ဖော်ကိုင်ဖက်အချို့ နှင့် ဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပါသည်။ ဤရုံးသစ်ကြီးသည် ဝန်ထမ်းများ အား ပိုမိုကောင်းမွန်သော လုပ်ငန်းခွင် အတွေ့အကြုံ နှင့် စီးပွားရေး လုပ်ဖော်ကိုင်ဖက်များအား ပိုမိုကောင်းမွန်သောဝန်ဆောင် မှုများကို ပေးနိုင်စေရန် ၊ စျေးကွက် ၏ မြင့်တက်လာသော လိုအပ်ချက်များကို အဓိက နှင့် အချက်အချာကျသော နေရာ တစ်ခု အနေဖြင့် ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဖြစ်ပါသည်။
We have just completed our annual budget meeting on 5th and 6th April’23 (FY 2023-24) to set the ground for the year. FairDeal as a team acknowledged the need to make the right choice to explore all chances and ready to accept the changes required to excel and reach our GOAL.
FAIRDEAL will strive for #Choice#Chance#Change with highly passionate teams. Had a great learning and enriching meeting. Vision put on paper, commitment endorsed and the journey embarked. Looking forward for the FY 2023-2024 to unfold.
Special thanks to Management team, Head of Departments and all valued team members for their active participation. All of your contribution and value-added insights will help to accomplish our Theme #Choice#Chance#Change FAIRDEAL.
#Choice#Chance#Change
#AnnualBudgetMeeting_2023-2024
#MarketExpensionExpertsSince1991
ကျွန်တော် တို့ FAIRDEAL Company မှ နှစ်စဉ် ပြုလုပ်ကျင်းပသော Annual Budget Meeting အား ၂၀၂၃ ခုနှစ် ဧပြီလ ၅ရက်နေ့ နှင့် ၆ရက်နေ့ တွင်ကျင်းပခဲ့သည်။ ဘဏ္ဏာရေးနှစ် ၂၀၂၃-၂၀၂၄ ခုနှစ်အတွက် တစ်နှစ်တွင်း ပိုမိုအောင်မြင်လာမည့် အနာဂတ်ခြေလှမ်းများအတွက် အရေးကြီးသောလုပ်ငန်း ဆောင်တာများ ချမှတ်နိုင်ခဲ့သည်။ FAIRDEAL မှ ဘဏ္ဏာရေးနှစ် အသစ် ၂၀၂၃-၂၀၂၄ ခုနှစ်အတွက် ချမှတ်ထားသော #Choice#Chance#Change စသည့် လှုံ့ဆော်မှုဖြင့် ကုမ္ပဏီ ၏ ရည်မှန်းချက် ပန်းတိုင် သို့ ရောက်အောင် မှန်ကန်သောရွေးချယ်မှုများ၊ အခွင့်အရေးအသစ်များပိုမိုချဲ့ထွင်ရန် နှင့် ကုမ္ပဏီ ပိုမိုတိုးတက် အောင်မြင်ရန်အတွက် လိုအပ်သောပြောင်းလဲမှုများကို လက်ခံရန် အဖွဲ့သားများအားလုံးမှာ အဆင်သင့်ရှိလို့နေပါပြီ ။ ရှေ့လျှောက်ဆောင်ရွက်ရမည့် လုပ်ငန်းဆောင်တာများအား အတူတကွ ချမှတ်ရင်း ကတိကဝတ်ပြုကာအောင်မြင်မည့် အနာဂတ် ခရီးလမ်းကိုအစပြုရန်အတွက် ယခုနှစ် Annual Budget Meeting အား အောင်မြင်စွာကျင်းပနိုင်ခဲ့သည့်အပြင် ဘဏ္ဏာနှစ်အသစ် ၂၀၂၃-၂၀၂၄ ခုနှစ်အတွက် ကုမ္ပဏီ Budget အား မန်နေဂျင်းဒါရိုက်တာမှ လက်မှတ်ရေးထိုးခဲ့ပါသည် ။ Management အဖွဲ့ဝင်များ၊ Head of Departments များ နှင့်တစ်ကွ meeting တက်ရောက်လာကြသော FairDeal အဖွဲ့သားများအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။
#Choice#Chance#Change
We FairDeal celebrates each of our women colleague’s contribution & success as an inspiration. We are stronger when we cheer each other on. We acknowledge our women’s colleagues’ incredible achievements not only her professional space but also her contribution to her family and society. FairDeal celebrates International Women’s Day on 8th March 2023, with all our women colleagues to raise the awareness and encourage all to advocate for gender equity.
ကျွန်ုပ် တို့ FairDeal အနေဖြင့် ယနေ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့ တွင် အမျိုးသမီးဝန်ထမ်းများအားလုံး ၏ ပူးပေါင်းပါဝင်မှု လုပ်ငန်းခွင်တွင်းတွင် အောင်မြင်မှုများကို အပြန်အလှန်မှီခိုရင်း အားပေးကာ အောင်မြင်မှုရှိသည်ကို အသိအမှတ်ဂုဏ်ပြုအပ်ပါသည် ။ ကျွန်ုပ် တို့ အမျိုးသမီး လုပ်ဖော်ကိုင်ဖက် များ ၏ လုပ်ငန်းခွင်တွင်း မယုံကြည်နိုင်သော အောင်မြင် မှု များ သာမက မိမိ မိသားစု ၊ လူ့ မှု့အဖွဲ့အစည်း သို့ မိမိတို့၏ ပါဝင် မှု ကို လည်း ကျွန်ုပ် တို့ အသိအမှတ်ပြု ပါ သည် ။ ယနေ့ FAIRDEAL မှ အမျိုးသမီး လုပ်ဖော်ကိုင်ဖက် အားလုံး သည် အသိပညာပေး မှု ကို မြှင့်တင် ရန် နှင့် ကျားမ တန်းတူညီမျှ မှု အတွက် ထောက်ခံ အားပေး ရန် အားလုံး နှင့်အတူ နိုင်ငံတကာ အမျိုးသမီး များ နေ့ ကို ကျင်းပလိုက်ပါသည် ။
FairDeal’s new state of the art warehouse & distribution facility ready to cater the needs of market and offer quality medicines across Myanmar.
HR plays the essential role for cultivation the essential skill sets for each employee to improve their motivation, productivity and performance which match with the organizational goal. To achieve such results, FairDeal believes that educating employees on best practices, and informing challenges of their job functions will alert them the need for change.
Therefore, on December 2022, FairDeal conducted 4-day workshop for HRM in Transformational Business Training & Managing HR for Non-HR Managers Training for every HR staff and Department heads. In the course, Trainer Dr. U Than Zaw led the discussion how to better manage the company’s human resources and the development of employees’ capabilities which are essential for creating a better workplace.
Thank you Trainer Dr. U Than Zaw from Talent Highway Institute for sharing your valuable insights and FairDeal Management & HR team, LifePlus HR team for actively participating throughout the trainings.
အဖွဲ့အစည်း၏ ရည်မှန်းချက် နှင့်အညီဝန်ထမ်းများ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြပြီး စွမ်းဆောင်ရည်များ မြင့်မားလာစေရန် Human Resource Management သည် အခရာကျသော အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိပါသည်။
ကျွန်တော်တို့ FairDeal Co., Ltd. သည် ဝန်ထမ်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး လုပ်ငန်းခွင်အသုံးချ သင်တန်းများကို စီစဉ်ပို့ချလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် Human Resource Management in Transformational Business Training & Managing HR for Non-HR Managers Training များကို (၄) ရက်ကြာကျင်းပပြုလုပ်ခဲ့ပါသည်။
သင်တန်းတွင် ဆရာ ဒေါက်တာ ဦးသန်းဇော်က ကုမ္ပဏီ၏ လူ့စွမ်းအားအရင်းအမြစ်များကို ပိုမိုကောင်းမွန်အောင် စီမံခန့်ခွဲနည်းနှင့် ပိုမိုကောင်းမွန်သော လုပ်ငန်းခွင်တစ်ခု ဖန်တီးရန်အတွက် မရှိမဖြစ်လိုအပ်သည့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးဆောင် ဆွေးနွေးခဲ့ပါသည်။
သင်ကြားပို့ချပေးပါသော #Talent_Highway_Institute မှ ဆရာ ဒေါက်တာ ဦးသန်းဇော်နှင့် တက်ကြစွာ လေ့လာသင်ယူခဲ့ကြပါသော FairDeal HR team, LifePlus HR team နှင့် FairDeal Management team၊ သင်တန်းဖြစ်မြောက်အောင် အဖက်ဖက်မှ စီစဉ်ဆောင်ရွက်ပေးသူများ အားလုံးကို ကျေးဇူးတင်ရှိပါသည်။
#MarketExpansionExpertsSince1991
Indeed, happy to announce that FairDeal and Medley Pharmaceuticals signed off a Memorandum of Understanding to become an authorized business partner between the parties as supplier and distributor on 25th November 2022 at FairDeal Head office in Yangon, Myanmar. The MOU signing ceremony is a commitment to bring high-quality products with affordable prices and easy accessibility for Myanmar consumers through FairDeal’s extensive distribution and coverage networks.
Medley is a well-acclaimed Indian pharmaceutical company with state of art manufacturing capability. The company was established in 1969 & has been known for its strong presence in pharmaceutical formulations, manufacturing and marketing infrastructure across the globe. Medley ranks amongst the top 36 pharmaceutical companies in India as per ORG IMS, and the top 10 in Gastro segment.
Thank you #Medley for affiliating with us, and looking forward to newer heights in our business opportunities and mutual growth.
၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် FairDeal Co., Ltd. နှင့် Medley Pharmaceuticals တို့အကြား အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်း MOU လက်မှတ်ရေးထိုးပွဲကို ရန်ကုန် FairDeal ရုံးချုပ်တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ အရည်အသွေးမြင့် ဆေးဝါးထုတ်ကုန်များကို သင့်လျော်သော စျေးနှုန်းဖြင့် မြန်မာနိုင်ငံစားသုံးသူများထံ FairDeal ၏ နိုင်ငံတစ်ဝှမ်းသို့ ဖြန့်ကျက်ထားသော ခိုင်မာသည့် ဖြန့်ချီရေးကွန်ယက်မှတစ်ဆင့် အလွယ်တကူရောက်ရှိနိုင်စေရန် ရည်ရွယ်ပြီး ဤပေါင်းစည်းမှုကို အကောင်အထည်ဖေါ်ခဲ့ခြင်းဖြစ်ပါသည်။
Medley သည် ၁၉၆၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော အိန္ဒိယအခြေစိုက် ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းသို့ ဆေးဝါးများထုတ်လုပ်ဖြန့်ချီနေခဲ့သည်မှာ မှာ နှစ်ပေါင်း ၅၀ ကျော်ခဲ့ပြီဖြစ်ပါသည်။ ထို့အပြင် Medley သည် ORG IMS အရ အိန္ဒိယနိုင်ငံရှိ ထိပ်တန်းဆေးဝါးကုမ္ပဏီ ၃၆ နှင့် Gastro segment ထိပ်တန်း ၁၀ တွင် ပါဝင်ပါသည်။
ရှေ့ဆက်ပြီး ခိုင်မာစွာ ပူးပေါင်းလုပ်ကိုင်ကြပြီး အောင်မြင်မှုများ အတူတကွ ဆွတ်ခူးကြဖို့ FairDeal မှ မျှော်လင့်လျက်ရှိပါသည်။
FairDeal empowers everyone to level up with learning. Our internal audit and finance team got certified by Zaw business school and is ready to tackle the challenges. The aim of this course is to help FairDeal team to sharpen their knowledge of Internal Auditing and implement best practice internal audit tools and techniques. As the business world changes at an accelerating rate, auditors need to keep up or risk becoming irrelevant and ultimately unable to provide the insight that will allow the organization to succeed.
Our sincere thanks to Dr. Zaw Win Thein, for his inclusive & interactive learning methods. It was beyond just reading the slides, but keeping the team engaged by encouraging conversation with each other to achieve the learning outcome.
Kudos to you all for this wonderful learning experience!!
ကျွန်တော်တို့ FairDeal Co., Ltd. သည် ဝန်ထမ်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး လုပ်ငန်းခွင်အသုံးချ သင်တန်းများကို စီစဉ်ပို့ချလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် Internal Audit, Internal Control and Risk Management Training ကို (၅) ရက်ကြာကျင်းပပြုလုပ်ခဲ့ပါသည်။
သင်တန်းတွင် ကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်မှုများ ပိုမိုအဆင်ပြေချောမွေ့စေရန် ရည်ရွယ်ပြီး Auditing ဆိုင်ရာ သင်ခန်းစာများကို Dr. Zaw Win Thein မှ ဦးဆောင်ဆွေးနွေး သင်ကြားပို့ချပေးခဲ့ပါသည်။
သင်ကြားပို့ချပေးပါသော Zaw Business School မှ ဆရာ Dr. Zaw Win Thein နှင့် တက်ကြစွာ လေ့လာသင်ယူခဲ့ကြပါသော finance နှင့် audit ဌာနမှဝန်ထမ်းများ၊ သင်တန်းဖြစ်မြောက်အောင် အဖက်ဖက်မှ စီစဉ်ဆောင်ရွက်ပေးသူများ အားလုံးကို ကျေးဇူးတင်ရှိပါသည်။
FairDeal Company မှ စေတနာထက်သန်စွာဖြင့် ကုမ္ပဏီ နှစ် (၃၀) ပြည့်အနေနှင့် လှိုင်သာယာနေမိဘပြည်သူများအတွက် တစ်နေ့စာအာဟာရကို လှုဒါန်းခဲ့ပါသည်။
FairDeal Company ၏ ရည်ရွယ်ချက်ကတော့ ယခုလိုကာလမျိုးမှာ မိဘပြည်သူတို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အစာအဟာရကို မိမိတို့တက်နိုင်တဲ့ တစ်ထောင့်တစ်နေရာက အားဖြည့်ပါဝင်ကူညီပြီး ပံ့ပိုးပေးခြင်းပဲဖြစ်ပါသည်။
လှူဒါန်းမှုအစုစုအတွက် အတူတူသာဓုခေါ်နိုင်ရန် ဒီပို့စ်လေးနဲ့ မျှဝေခြင်းဖြစ်ပါသည်။









